Terms & Conditions
Account ဖွင့်ခြင်း
(၁) သင်သည် J’Donuts ဆော့ဖ်၀ဲလ် ကို ဒေါင်းလုတ်လုပ်ရယူခြင်း (သိုမဟုတ်) အသုံးပြုခြင်းအားဖြင့် ဤ J’Donuts ဆော့ဖ်၀ဲလ် ၏ စည်းကမ်းသတ်မှတ်ချက် နှင့် မူ၀ါဒများကို သဘောတူညီပြီး ဖြစ်သည်ဟု ယူဆပါသည်။
(၂) J’Donuts မှ မည်သည့်အချိန်တွင်မဆို J’donuts ဆော့ဖ်၀ဲလ် ၏ စည်းကမ်းသတ်မှတ်ချက်များ နှင့် မူဝါဒဆိုင်ရာများကို ကြိုတင်အကြောင်းကြားခြင်းမရှိစေဘဲ ပြင်ဆင်ပိုင်ခွင့်ရှိသည်။
(၃) J’Donuts ဆော့ဖ်၀ဲလ် ကို ဆက်လက်အသုံးပြုခြင်းသည် ဆော့ဖ်၀ဲလ်တွင် သတ်မှတ်ထားသော ဝေါဟာရများ ၊ စည်းကမ်းသတ်မှတ်ချက်များ နှင့် မူ၀ါဒဆိုင်ရာများကို အသုံးပြုသူတစ်ဦးအနေဖြင့် လက်ခံသည်ဟု ယူဆပါသည်။
(၄) J’Donuts ဆော့ဖ်၀ဲလ် ကို မြန်မာနိုင်ငံ ပြင်ပတွင် သုံးစွဲခွင့်မပြုခြင်း၊ စည်းကမ်းသတ်မှတ်ချက်များ နှင့် မူဝါဒဆိုင်ရာများ ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အက်ဥပဒေအတိုင်း သတ်မှတ်ထားပါသည်။
အဓိပ္ပါယ်ဖွင့်ဆိုချက်များ
(၁) Account ဆိုသည်မှာ J’Donuts ဆော့ဖ်၀ဲလ် ဝန်ဆောင်မှု၏ အစိတ်အပိုင်းများကို ဝင်ရောက်အသုံးပြုရန် သင့်အတွက် သီးသန့် ဖန်တီးထားသော Account ကို ဆိုလိုသည်။
(၂) Application ဆိုသည်မှာ ကုမ္ပဏီမှ ပံ့ပိုးပေးသော J'Donuts ဆော့ဖ်၀ဲလ် အစီအစဉ်ကို ဆိုလိုသည်။
(၃) Company (ဤသဘောတူညီချက်တွင် "ကုမ္ပဏီ"၊ "ကျွန်ုပ်တို့" သိုမဟုတ် "ကျွန်ုပ်တို့၏" ဟု ရည်ညွှန်းသည်) ဆိုသည်မှာ ရန်ကုန်မြို့ရှိ WTNT Company ကို ဆိုလိုသည်။
(၄) Country ဆိုသည်မှာ မြန်မာနိုင်ငံ ကို ရည်ညွှန်းသည်။
(၅) Device ဆိုသည်မှာ ကွန်ပျူတာ၊ ဆဲလ်ဖုန်း သိုမဟုတ် ဒစ်ဂျစ်တယ် တက်ဘလက်ကဲ့သို ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုနိုင်သော စက်ကိရိယာတစ်ခုကို ဆိုလိုသည်။
(၆) Personal Data ဆိုသည်မှာ ကို software အသုံးပြုသူ user ၏ သတင်းအချက်အလက်များကို ဆိုလိုသည်။
(၇) Service ဆိုသည်မှာ Application မှပေးသော ၀န်ဆောင်မှု ကို ရည်ညွှန်းသည်။
(၈) You ဆိုသည်မှာ ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုနေသော ပုဂ္ဂိုလ်တစ်ဦး သိုမဟုတ် အဖွဲ့အစည်းကို ရည်ညွှန်းသည်။
အသိပေးချက်များ(၁)
(၁) အသုံးပြုသူသည် အသက် ၁၈ နှစ်အနည်းဆုံး ရှိရမည်။
(၂) User တစ်ဦးလျှင် Account တစ်ခုသာ ဖွင့်ခွင့်ရှိပါမည်။
(၃) Register လုပ်ရာတွင် မှန်ကန်သော အချက်အလက်များ ပေးရမည်။
(၄) Account အချက်အလက် ပြောင်းလဲပါက J’Donuts ရုံးချုပ်သို့ ဆက်သွယ်၍ ပြောင်းလဲရမည်။
(၅) Password နှင့် OTP ကို မည်သူ့ကိုမှ မမျှဝေရ။
(၆) အချက်အလက်များ တစ်စုံတစ်ရာ မှားယွင်းခဲ့ပါက J’Donuts ဆုံးဖြတ်ချက်ဖြင့်သာ အတည်ပြုပါမည်။
System Hygiene & Security
(၁) Urgent Message များကို App မှ အသိပေးမည်။
(၂) System Maintenance အချိန်တွင် App ခေတ္တမသုံးနိုင်ပါ။
(၃) User Data များကို လုံခြုံစွာ ထိန်းသိမ်းပေးပါသည်။
User Account Registration
(၁) J'Donuts ၏ Member ဝင်ချင်သူများအနေဖြင့် Application ကို မိမိတို့ Device နှင့် ကိုက်ညီသော Play Store (သို့) App Store တွင် ဝင်ရောက်ထည့်သွင်းနိုင်ပါသည်။
(၂) ထိုမှတဆင့် Register လုပ်ငန်းစဉ်တွင် လူကြီးမင်းတို့၏ အချက်အလက်များကို စာရင်းပေးသွင်းနိင်ပါသည်။
(၃) J'Donuts မှ အခါအားလျော်စွာ J'Donuts Member များ၏ စာရင်းပေးသွင်းထားသော အချက်အလက်များကို အတည်ပြု၍ ခံစားခွင့် Program များတွင် ထည့်သွင်း ပေးအပ်သွားပါမည်။
(၄) သို့ဖြစ်ပါ၍ ကျေးဇူးပြုပြီး စာရင်းပေးသွင်းရာတွင် လူကြီးမင်းတို့၏ အချက်အလက်များကို သေချာစွာစိစစ်ပြီး ဖြည့်သွင်းပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
(၅) Software download လုပ်ရမည့် link မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။ (Sample Link)
Play Store Link > https://play.google.com/store/apps/details?id=com.grabtaxi.passenger
App Store Link > https://play.google.com/store/apps/details?id=com.grabtaxi.passenger
က. Android user များသည် https://play.google.com/store/apps/details?id=com.grabtaxi.passenger (သို့) QR Code Scan ဖတ်၍လည်း play store သို့ သွားရောက်နိုင်ပါသည်။

ခ. IOS users များသည် https://play.google.com/store/apps/details?id=com.grabtaxi.passenger (သို့) QR Code Scan ဖတ်၍လည်း App store သို့ သွားရောက်နိုင်ပါသည်။

J'Donuts Member Types
(၁)Regular Member
(၂)Reseller
(၃) Member Level upgrade လုပ်ခြင်း လုပ်ငန်းစဉ်အား နီးစပ်ရာ J'Donuts ဆိုင်တွင်လည်းကောင်း၊ J'Donuts Head Office သို့ လည်းကောင်း ဆက်သွယ်၍ upgrade လုပ်နိုင်ပါသည်။
(၃)Member Level upgrade လုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် အကောင့်လုံခြုံမှုနှင့် အချက်အလက်များ ခိုင်မာမှု ရှိစေရန် အောက်ပါအချက်အလက်များကို ဖြည့်သွင်းပေးရပါမည်။ (ဆိုင်အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ မွေးနေ့)
Notifications
(၁) J'Donuts ဘက်မှ Promotions နှင့် အခြားခံစားခွင့်များ ရှိသည့်အခါတိုင်းတွင် Application ၏ Notification မှ ကြေငြာပေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အခွင့်အရေးများ လက်မလွတ်စေရန် အတွက် Notification ယူထားနိုင်ပါသည်။
Birthday Gift
(၁) Birthday ရောက်ပါက App's Home Screen တွင် Birthday Product Menu တစ်ခုပေါ်လာပါမည်။
(၂) Customer ဘက်မှ claim ကိုနှိပ်ပြီး Gift ထုတ်ယူမည့် ဆိုင်နှင့် အချိန်ကို ရွေးချယ်ပေးရပါမည်။ ထို့နောက် System မှ Gift ထုတ်ယူရန်အတွက် QR ရရှိလာပါမည်။
(၃) Gift ထုတ်ယူမည့် သူသည် QR ကိုဆိုင်တွင်ပြပြီး လက်ဆောင်ကို ထုတ်ယူနိုင်ပါသည်။
(၄)Gift များကို သတ်မှတ်ရက် အတွင်းထုတ်ယူပေးရပါမည်။
Wallet Topup
(၁) Wallet account ဖွင့်ပြီးသွားပါက J'Donuts ဘက်မှ initial deposit (1000 kyats) ကို wallet account ထဲသို့ ထည့်ပေးထားပါမည်။
(၂) Regular Wallet Member များသည် ၅,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ် အထိ ဖြည့်သွင်းနိုင်ပါသည်။ နီးစပ်ရာ J'Donuts ဆိုင်များ၌ ငွေဖြည့်သွင်းနိုင်ပြီး၊ KBZ Pay, AYA Pay တို့နှင့်လည်း ချိတ်ဆက်ပြီး ငွေဖြည့်သွင်းနိုင်ပါသည်။
(၃) Reseller Wallet Member သည် အနည်းဆုံး ၁၀၀,၀၀၀ ကျပ်ဖြည့်သွင်းရမည် ဖြစ်ပြီး ငွေဖြည့်သွင်းလိုပါက ရုံးချုပ် ဖုန်းနံပါတ် (၀၉ ၄၀၈၂၄၃၅၁၁) သို့ ဆက်သွယ်ပေးရပါမည်။
(၃) ငွေဖြည့်သွင်းပြီးပါက System မှ Notification ပေးပို့မည်ဖြစ်ပြီး၊ မိမိ၏ Wallet Account တွင်လည်း Balance ကို ဝင်ရောက်စစ်ဆေးနိုင်ပါသည်။
Gift ပေးခြင်း
(၁) Wallet account ရှိပြီးသား customer များသည် ၅,၀၀၀/- , ၁၀,၀၀၀/- , ၂၀,၀၀၀/- မှစ၍ ၅၀,၀၀၀/- ကျပ်အထိ အခြား member များသို့ Gift Card လက်ဆောင်ပေးပို့နိုင်ပါသည်။
(၂) ရရှိထားသော Gift Card ကို ရက် (၉၀) အတွင်း Wallet တွင် ငွေဖြည့်ပြီး မုန့်ဝယ်ယူရန်အတွက် အသုံးပြုနိုင်သည်။
(၃) ရက် (၉၀) ကျော်လွန်ပါက သက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပြီး ပြန်လည် အသုံးပြု၍ မရနိုင်ပါ။
Point Transfer (Point လွှဲပြောင်းခြင်း)
(၁) Member တိုင်းသည် မိမိတို့၏ points များကို အခြား member များသို့ ပေးပို့ခြင်း၊ လက်လွှဲယူခြင်းများ ခွင့်မပြုပါ။
Tracking My Order Stage & Order History
(၁) Order မှာယူခြင်းနှင့် payment confirmation လုပ်ငန်းစဉ်ပြီးဆုံးပါက order အတွက် unique QR code တစ်ခု ရရှိပါမည်။
(၂) ဆိုင်သို့ order pickup လာယူချိန်တွင် ထို QR code ကို ပြပေးရပါမည်။ QR Code ပြနိုင်သောသူကိုသာ Customer မှာယူထားသော order ကို ပေးအပ်ပါမည်။
(၃) Setting > My Order တွင် နောက်ဆုံး မှာယူခဲ့သော order number ကို နှိပ်ပြီး order stage အခြေအနေကို real time စောင့်ကြည့်နိုင်ပါသည်။
(၄) History တွင် ၃လအတွင်း မှာယူခဲ့သော order များကို ကြည့်ရှုနိုင်ပါသည်။
Order Cancellation
(၁) တစ်ရက်အတွင်းမှာယူထားသော order များကို မှာယူပြီး (၁) နာရီအတွင်း pickup ယူပေးရပါမည်။ သတ်မှတ်ချိန် (၁)နာရီ ကျော်လျှင် auto cancel ဟုသတ်မှတ်ပါမည်။
(၂) ကြိုတင် order များကို cancel လုပ်မည်ဆိုပါက မှာယူသည့် ရက်မတိုင်ခင် ရှေ့တစ်ရက်၏ (10:30 AM) နောက်ဆုံးထား အကြောင်းကြားပေးရပါမည်။
(၃) Order Cancel ပြုလုပ်ပါက cancel လုပ်သော Order ၏ ငွေပမာဏအတိုင်း မိမိတို့၏ E-walletထဲသို့ ငွေပြန်ဝင်လာမည်ဖြစ်သည်။
(၄) Order မှာယူခြင်းကို confirm ပြုလုပ်ပြီးပါက order ကို ပယ်ဖျက်၍ မရပါ။
(၅) Wallet ထဲမှ ငွေပမာဏ တခုခု ကို Pay or Banking အကောင့်ထဲသို့ ပြန်ရွှေ့လိုပါက J'donuts ရုံးချုပ်ဘက်သို့ အရင်ဆုံး ဆက်သွယ်ပေးရပါမည်။ ရုံးချုပ်မှ စစ်ဆေးပြီး သတ်မှတ်ရက်အတွင်း ငွေလွှဲလုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးပါမည်။
Loyalty Dashboard
(၁) J'Donuts Member အဖွဲ့ဝင်တိုင်းသည် မိမိတို့၏ Membership အဆင့်တိုးတက်မှုများကို ကြည့်ရှုနိုင်ပါသည်။
(၂) အသင်းဝင်အဆင့်အလိုက် Challenge တခုချင်းစီ ပြီးမြောက်သည့်အခါတိုင်း ရရှိသော point များကို သတ်မှတ်ရက်အတွင်း ပေါင်းထည့်ပေးပါမည်။
ဆက်သွယ်ရန်
(၁) မေးမြန်းစုံစမ်းလိုပါက ရုံးချုပ်ဖုန်းနံပါတ် ( ၀၉ ၄၀၈၂၄၃၅၁၁) သို့ ဆက်သွယ်နိုင်ပါသည်။
(၂) J'Donuts Myanmar Facebook Page ( https://www.facebook.com/JDonutsMyanmar )၏ Messenger မှလည်း မေးမြန်းနိုင်ပါသည်။
(၃) J'Donuts Myanmar Website (https://jdonuts1.odoo.com/contactus) မှ တဆင့်လည်း ဆက်သွယ်နိုင်ပါသည်။